Pcloud အကောင့်ဖျက်နည်း
အကြောင်းအမျိုးမျိုးကြောင့် မိမိလုပ်ထားတဲ့ pCloud အကောင့်ကို အပြီးဖျက်ချင်သူများ လေ့လာကြည့်ပါ။ ၁။ အရင်ဆုံး Google ကို သွားပြီး pcloud login လို့ရိုတ်ပြီး ပြထားတဲ့ စာကြောင်းလေးထဲဝင်ပါ။ ၂။ ပြီးရင် မိမိ pCloud အကောင့်လေး Login ၀င်လိုက်ပါ။ ၃။ ပြီးရင် Pcloud ထဲရောက်သွားရင် ပြထားတဲ့ နေရာလေးကို နှိပ်ပါ။ ၄။ Setting ကို နှိပ်ပြီး Account ထဲဝင်ပါ။ ၅။ Account ထဲက အောက်ဆုံးကို ဆွဲချလိုက်ရင် Delete Your Account ကိုတွေ့ ပါမယ် နှိပ်လိုက်ပါ။ ၆။ ဒါဆိုရင် အောက်ကပုံမှာလို pCloud အကောင့်လုပ်ထားတဲ့ Gmail ထဲကို စာအိပ်ဝင်ပါမယ် ဖွင့်လိုက်ပါ။ ၇။ Confirm Account Deletion ကို နှိပ်ပေးပါ။ ၈။ ပြီးရင် အောက်က ပုံလိုပေါ်လာပါမယ် မိမိ pCloud အကောင့်ရဲ့ Password ဖြည့်ပြီး Delete Your Account ကို နှိပ်ပေးလိုက်ရင် မိမိ pCloud ဟာ ဖျက်သွားပါလိမ့်မယ်.. ဒါဆို ဒီနည်းနဲ့  pCloud အကောင့် ဖျက်နိုင်ပါပြီ။ #မိုဘိုင်းလမ်းညွန်